တောင်ကြီးမြို့တွင်း လိုင်းကားကုန်တင်မှုကို စစ်ကောင်စီ ကန့်သတ်ချက် ထုတ်ပြန်လာ

Photo: Credit

ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

တောင်ကြီးမြိုရှိ စစ်ကောင်စီလက်အောက်ခံ (ရှမ်းပြည်နယ်၊တောင်ပိုင်း) ပုဂ္ဂလိက ယာဥ်လိုင်းများ ကြီးကြပ်ရေး ကော်မတီမှ တစ်ဆင့် တောင်ကြီးမြိုတွင်း လိုင်းကားများ၏ ကုန်တင်သယ်ယူပိုဆောင်မှုကို ကန့်သတ်ကြောင်း ထုတ်ပြန်လာသည့်အတွက် ကားသမားများ အခက်တွေ့နေရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် အဆိုပါ ထုတ်ပြန်ချက်တွင် တောင်ကြီးမြိုတွင်း လုံခြုံရေး စနစ်များ ကျိုးပေါက်မှု မရှိစေရေးအတွက် ဆိုသည့် အကြောင်းပြချက် အပါအဝင် လိုင်းကားများ ကုန်တင်မှုကို ကန့်သတ်တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုအပြင် တချို ခရီးသည်တင်ယာဉ်များအနေဖြင့် ခရီးသည်တင်ဆောင် ပြေးဆွဲရမည့် အစား ကုန်ပစ္စည်းများကို ယာဉ်အမိုးပေါ် အဆမတန် တင်ဆောင်ပြေးဆွဲနေကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟုလည်း စစ်ကောင်စီ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၃ ရက် မှစတင်ကာ ပူးပေါင်းအဖွဲများ နှင့် စစ်ဆေး အရေးယူဆောင်ရွက်မှာဖြစ်ပြီး ကျူးလွန်သည့် မော်တော်ယာဉ်များကို ပထမအကြိမ် ဒဏ်ငွေ ၃ သောင်း၊ ဒုတိယအကြိမ် ဒဏ်ငွေ ၅ သောင်းကျပ် နှင့် တတိယ အကြိမ် ကျူးလွန်ပါက သက်ဆိုင်ရာကို တင်ပြပြီး ယာဉ်အသင်း ပြေးဆွဲခွင့် ရပ်နားခံရမည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီမှ လိုင်းကားများ ကုန်တင်မှုကို ကန့်သတ် ထုတ်ပြန်လာခြင်း နှင့် ပတ်သက်ပြီး ကားသမားများ အတွက် အခက်အခဲ ရင်ဆိုင်ကြုံတွေ့နိုင်သလို တွက်ခြေမကိုက်မှာကိုလည်း စိုးရိမ်ရကြောင်း တောင်ကြီး – လားရှိး ပြေးဆွဲသည့် ကားသမား တစ်ဦးက ပြောသည်။

“သူတို အဲ့လို ကန့်သတ်ချက် ထုတ်ပြန်လာတာဟာ ကားသမားတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲတာနဲ့ အတူတူပဲ။ ခေါက်ကြေး တစ်ခေါက်က ဘယ်လောက်မှ မရှိဘူး၊ ဒါတောင်ကုန်တွေ လျှော့ရအုံးမယ်ဆိုတော့ ဆီဖိုးတောင် ကျန်မလား” ဟု တောင်ကြီး – လားရှိး ပြေးဆွဲသည့် ကားသမားက ပြောသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img