ဖေဖော်ဝါရီလ ၂၃ ၊ ၂၀၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို ဆန်ဆိုင်း (က) ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်း တစ်နေရာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီး သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ အဆောက်အဦး ထဲရှိ ညဆိုင်းဆင်းနေသည့် လူရာကျော် ဖမ်းဆီးထားပြီး အများစုက တရုတ်နိုင်ငံသားနှင့် ထိုင်းနိုင်ငံသားများ ဖြစ်သည်ဟု သိရသည်။
ဝင်ရောက်ဖမ်းဆီးသူများက လောင်းကစားလုပ်ငန်းထဲကမီးခံသတ္တာများကို ဖောက်ယူချင်း ငွေများစွာနှင့် ဖုန်းတိုကို ကျောပိုးအိတ်များဖြင့် ထည့်၍ ယူဆောင်ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက် (၈) နာရီ အချိန်ဝန်းကျင်တွင် ယောင်္ကျားလေးများကိုအသုတ်လိုက်ခွဲကာ အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။