ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄
ရှမ်းပြည်တောင်ပိုင်း ၊ ဆီဆိုင်မြိုနယ် ဝိန်းကောင်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၃ နာရီခန့် လူမျိုးပေါင်းစုံဖက်ဒရယ်ဒီမိုကရေစီတပ်ပေါင်းစုံ (လပဖဒ) နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ့်ပြည်သူ့ စစ်PNO တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ပြည်သူ့စစ်ဘက်က အကျအဆုံးများခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး PNO ပအိုဝ့်ပြည်သူ့စစ်ဘက်က အကျအဆုံးများပြီး ပြန်လည်ဆုတ်ခွာခဲ့ခြင်းကြောင့် တိုက်ပွဲရပ်သွားကြောင်း သိရသည်။
တိုက်ပွဲအပြီး လူမျိုးပေါင်းစုံ ဖက်ဒရယ်ဒီမိုကရေစီ (လပဖဒ) ဘက်မှ နယ်မြေရှင်းလင်းစဉ်တွင် သေနတ် ၁၂ လက်နှင့် PNO ပအိုဝ့်ပြည်သူ့စစ်အလောင်းများတွေ့ရှိရပြီး ( လပဖဒ ) ဘက်မှ ရဲဘော်တစ်ချို ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဆီဆိုင်မြိုနယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလကစပြီး စစ်ကောင်စီတပ်နှင့် PNLA တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။