ဆိုက်ခေါင်မှာ စစ်ကောင်စီတပ်နှင့် PNO ကို လက်နက်တပ်ပေးပြီး ဒေသခံများကို လူသားဒိုင်း ပြုလုပ်

Photp: Credit

ဖေဖော်ဝါရီလ ၁၉ ၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ (PNO) ပြည်သူ့စစ်တပ်ဖွဲ ဝင်တွေကို အာဏာသိမ်း စစ်ကောင်စီတပ်က ပအိုဝ်း အချင်းချင်း တိုက်ခိုက်ရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် လက်နက်တပ်ဆင်ပေးကြောင်း သိရသည်။

အဆိုပါ လက်နက်တပ်ဆင်သည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ရက်နေ့က ရှမ်းပြည်နယ် ၊ တောင်ကြီးမြိုမှာ ပြုလုပ်ခဲ့ပြီး အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၊ တိုင်းစစ်ဌာနချုပ် အရာရှိများ ၊ PNO ပြည်သူ့စစ် တပ်ဖွဲဝင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖစ်ပွားနေသည့် ဆီဆိုင်မြိုနှင့် ဟိုပုံးမြိုတိုမှာ စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားး လွတ်မြောက်ရေး တပ်မတော် (PNLA) ကြားက တိုက်ပွဲမှာ PNO ပြည်သူ့စစ်က စစ်တပ်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဆီဆိုင်မြို ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ၏ အမိန့်အရ ဒေသခံများသည် စစ်ဝတ်စုံနှင့် လက်နက်တပ်ဆင်ပေးပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲဝင် ဦးခွန်သန်းထိုက်အောင် ( ခ )ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်ထောင်လျှင် ၁ ယောက် မဖြစ်မနေ ကင်းစောင့်ရမည်လို အစည်းဝေးခေါ်ပြီး အမိန့်ပေး စေခိုင်းနေကြောင်း သိရသည်။

လက်ရှိအချိန်၌ ရွာအဝင် ၊ အထွက် ၊ အလယ် ရှိသမျှလမ်းတွေ အကုန်လုံး နေ့ရောညရော ကင်းလှည့်ရမည်ဖြစ်ပြီး အမိန့်အရ ကင်းစောင့်ရန် ငြင်းဆန်ပါက နေအိမ်သိမ်းယူမည်ဟုလည်း ပြည်သူ့စစ်အဖွဲ PNO က ခြိမ်းခြောက်ထားကြောင်းလည်း သိရသည် ။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img