စ်မှုမထမ်းမနေရဉပဒေကြောင့် ထိုင်းနိုင်ငံသို တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူသွားမယ်လို ထိုင်းဝန်ကြီးချုပ် ပြောကြား

Photo: Credit

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ စစ်ကောင်စီမှ စစ်မှုမထမ်းမနေရဉပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန် ပြဌာန်းလိုက်ပြီးနောက် လူငယ်အများစုသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံထဲသို သွားကြရန် စိတ်အားထက်သန်နေကြသည်။

ယင်းကဲ့သို သွားကြရာမှာလည်း တရာဝင်နည်းလမ်းများဖြင့် သွားရောက်သူ ရှိသလို တရားမဝင်နည်းဖြင့် သွားရောက်သူများလည်း ရှိကြသည်။

ထိုင်းနိုင်ငံအတွင်းသို တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာက ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ထုတ်ပြန် ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံကို လူငယ်များစွာ စုပြုံဝင်ရောက်လာမည့် အခြေအနေကို သတင်းဌာနများက မေးမြန်းရာ- ဝန်ကြီးချုပ်ကဆရတ်သာ က တရားဝင်နည်းလမ်းဖြင့် ရောက်လာမည့် မြန်မာနိုင်ငံသားတွေကို ကြိုဆိုမှာ ဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ဉပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားလိုက် သည်။

“ ထိုင်းနိုင်ငံမှာ လက်ရှိ အလုပ်လက်မဲ့ ရာခိုင်နှုန်းဟာ ၁ ရာခိုင်နှုန်းအောက်သာရှိနေသေးတဲ့အတွက် ပြည်တွင်းလုပ်သာလိုအပ်ချက်များစွာရှိသလို ထိုင်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို မြန်မာတွေ ကသာ ရယူပြီးအခက်တွေ့စေမှာမျိုး မရှိနိုင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံသားများ ဝင်ရောက်လာပါက တရားဝင်နည်းလမ်းနဲ့သာ ဝင်ရောက်ရမှာဖြစ်ပြီး လုံခြုံရေးအေဂျင်စီတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွား မယ်လို” ဆိုသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ ရန်ကုန်မြိုက ထိုင်းသံရုံးတွင် နေ့စဉ် မြန်မာလူငယ်ထောင်ချီ ဗီဇာလျှောက်ထားမှု ရှိနေကြပြီး သံရုံးမှ တစ်ရက်လျှင် အယောက် ၄၀၀ သာ လက်ခံ ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ထိုအပြင် ပတ်စ်ပိုတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံကို ဗီဇာမလိုဘဲ ၁၄ ရက်အလည် သွားရောက်နိုင်မည်ဖြစ်ကြောင်းလည်း ကြေငြာခဲ့သည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img