စစ်ကောင်စီက တစ်နိုင်ငံလုံး စစ်မှုမထမ်းမနေရ ဉပဒေထုတ်ပြန်၊ စစ်မှုထမ်းရန်ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မည်

Photo: Credit

ဖေဖော်ဝါရီလ ၁၁ရက်၊ ၂၀၂၄

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲတိုင်း အရှုးပေါ်နေသည့် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဉပဒေကို ယမနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့သည်။

ယခင် စစ်အာဏာရှင် နအဖ က ပြဌာန်းခဲ့သည့် ဉပဒေအမှတ် ၂၇၊ ၂၀၂၀ ဖြင့် ပြဌာန်းခဲ့သော ပြည်သူ့စစ်မှု ထမ်းဉပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းဉပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အမျိုးသား၊ အမျိုး သမီးများကို အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်မည်ဖြစ်သည်။

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများကို ပြည်သူ့စစ် မှုထမ်းဆင့်ခေါ်ရေးအဖွဲမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဤကဲ့သို စစ်မှုထမ်းဆောင်ရန်ငြင်းဆိုနေပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ် ကြောင်း ဉပဒေတွင် ပြဌာန်းထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အသေအပျောက်များပြားခဲ့ပြီး ထွက်ပြေးသူအမြောက်အများရှိခဲ့ရာ စစ်သားရှားပါးလာသဖြင့် နောက်ဆုံးတွင် စစ်မှုမထမ်းမနေရ ဉပဒေကို အကြမ်းဖက်စစ်ကောင်စီက ပြဌာန်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img