ဖေဖော်ဝါရီလ ၂၆၊ ၂၀၂၄
ရှမ်းပြည်နယ်၊ ကျောက်မဲမြိုနယ်မှ အရပ်သား ၄ ဦးသည် မြေမြုပ်မိုင်း နင်းမိပြီး ၁ ဦး ပွဲချင်းပြီး သေဆုံးသည့်အပြင် ၃ ဦးက ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း စုံစမ်း သိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကျောက်မဲမြို၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပြစ်ကျေးရွာ အနီး၌ ကြံစိုက်ခင်းသွားနေသည့် အရပ်သား ၄ ဦးက မိုင်းနင်းမိခြင်း ဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ် တစ်ဦး က ပြောသည်။
“ကြံတင်ဖို သွားကြရင်းနဲ့ မိုင်းနင်းမိတာ။ တစ်ဦးကတော့ အဲ့နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ နောက်ထပ် ၃ ဦးကလည်း ဒဏ်ရာတော်တော်ပြင်းထန်ပါတယ်။ ဘယ်သူက ထောင်ထားတဲ့မိုင်းဆိုတာကိုတော့ မသိရဘူး” ဟု မြေပြင် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
အဆိုပါ မိုင်းနင်းမိမှုကြောင့် ပွဲချင်းပြီး သေဆုံးသူသည် နောင်ချိုမြိုနယ်၊ ခဲမွန်ကျေးရွာနေ အသက် ၁၇ နှစ်ရှိ စိုင်းထွန်းလှ ဆိုသူဖြစ်ပြီး ဒဏ်ရာရှိသူများက အသက် ၂၇ နှစ်အရွယ်ရှိ စိုင်းလူး၊ အသက် ၃၈ နှစ်အရွယ်ရှိ စိုင်းလှရွှေ နှင့် အသက် ၂၅ နှစ်အရွယ်ရှိ စိုင်းထွန်းအောင်တိုဖြစ်ကြကြောင်းလည်း သိရသည်။
လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရသူများကို ကျောက်မဲပြည်သူ့ ဆေးရုံ နှင့် မန္တလေးဆေးရုံသို အသီးသီးပိုဆောင် ကုသထားကြောင်းလည်း သိရသည်။
မိုင်းနင်းမိပြီး မန္တလေးတွင် ဆေးကုသမှု ခံယူနေရသည့် နောင်ပြစ်ရွာမှ စိုင်းလှရွှေသည် ကလေး ၃ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို ကျန်ရှိပြီး ဆေးကုသမှုစရိတ်နှင့် မိသားစု စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။