ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄
ဂျပန်နိုင်ငံလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးဟာ တိုကျိုမြိုကနေ ဟာနဲဒါလေဆိပ်ပြေး လမ်း ဆင်းသက်နေစဉ် ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ ညနေပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အဆိုပါလေယာဉ်ဟာ ဟော့ကိုင်းဒိုးမြို ဆာပိုရိုလေဆိပ်ကနေ ပျံသန်းခဲ့တာဖြစ်ပြီး ပျံသန်းနေစဉ် ကမ်းခြေ စောင့်လေယာဉ်တစ်စီးနှင့် တိုက်မိခဲ့တာဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြထားသည်။
လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်နှင့် ဝန်ထမ်း စုစုပေါင်း ၃၇၉ ဦးရှိပြီး ၎င်းတိုကို ဘေးလွတ်ရာသို ပြောင်းရွှေ့ပေးခဲ့ပြီဖြစ်ကြောင်း ဂျပန်သတင်းများက ဖော်ပြထားသည်။
ယခုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုးမှုတန်ဖိုးကို သိရှိနိုင်အောင် ကြိုးပမ်းနေကြောင်း လေကြောင်းလိုင်းတာ ဝန်ရှိသူများက ဆိုထားသည်။