ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြိုနယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားရှိ တောလမ်းတစ်နေရာတွင် အရပ်သားနှစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အရပ်သားနှစ်ဦးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၂၃ရက်နေ့ တွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းနင်းမိသည့် နှစ်ဦးမှာ အမျိုးသမီးက ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားက ခြေထောက်ပြတ်သွားကာ မန္တလေး ဆေးရုံသို ပိုဆောင်ထားကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာတွင် စစ်ကောင်စီတပ် ခလရ-၂၃ တပ်နှင့်နီးစပ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း အစာထွက်ရှာသည့် ခွေးလေးကောင်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။
သီပေါမြိုနယ်တွင် ဇန်နဝါရီလအတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း နမ္မတူ-သီပေါကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင် ဆောင်လာသည့် ကားတစ်စီးမိုင်းတက်ဖိပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် ယာဉ်မောင်း တစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တိုက်ပွဲနှင့် နီးစပ်သည့် နေရာများတွင် ဒေသခံများ မြေမြုပ်မိုင်းနင်းမိသူများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။