လဲချားမြိုနယ်တွင် စစ်ကောင်စီကအင်အား ၁၀၀ ခန့်ဖြင့် ဝမ်ပန်ပြည်သူ့စစ်နယ်မြေကို ကွင်းဆင်းစစ်ဆေး

Photo: Credit

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၄

ရှမ်းပြည်တောင်ပိုင်း လဲချားမြိုနယ်တွင် စစ်ကောင်စီက အင်အား ၁၀၀ခန့်ဖြင့် ဇန်နဝါရီလ ၁၃ -၁၄ ရက်စွဲဖြင့်ဝမ်ပန်ပြည်သူ့စစ်နယ်မြေ ကိုကွင်းဆင်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြိုနယ်ထဲတွင် ပြီးခဲ့သည့်လက ကျားဖြန့်အများအပြားရောက်ရှိလာပြီး ဝမ်ပန်ပြည်သူ့စစ်နယ်မြေ ထဲကို ခိုလှုနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ခိုလမ်တိုင်းကို အသစ်ပြောင်းလာသည့် ဗျူဟာမှူးက အင်အား ၁၀၀ ခန့်ဖြင့် SSS မဟာကြာ ဦးဆောင် သည့် ဝမ်ပန်ပြည်သူ့စစ်နယ်မြေထဲကို ကျားဖြန့်ရောက်ရှိလာသည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်စစ် ဆေးမှု ဖြစ်မည်ဟု ဒေသခံတစ်ချိုက ခန့်မှန်းပြောဆိုကြသည်။

“ ဒီဗျူဟာမှူးက ခိုလမ်တိုင်းထဲကို ပြောင်းလာတာမကြာသေးဘူး၊ အင်အား ၁၀၀ ခန့်နဲ့ ဝမ်ပန်ပြည်သူ့စစ် နယ်မြေကို ဝင်ရောက်စစ်ဆေးမယ်ပြောတယ်၊ ပြီးခဲ့တဲ့ရက်ကတော့ နောင်ယာဆိုင်းဘက် စစ်ဆေးပြီး နောင်မိုခမ်းဘုန်းကြီးကျောင်းမှာ တစ်ညအိပ်တယ်၊ နောက်ထပ်နမ့်တောင်းမြစ်ရဲ့ အရှေ့မြောက်ဘက်ကို ထပ်ပြီး စစ်ဆေးချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နမ့်တောင်းမြစ်၏ အရှေ့မြောက်ဘက်ကို စစ်ဆေးမည်ဆိုလျှင် SSPP/SSA တပ်ဖွဲရှိနေပြီး လုံခြုံရေး အတွက် တာဝန်မယူနိုင်ကြောင်း ဝမ်ပန်ပြည်သူ့စစ်ဘက်က စစ်ကောင်စီကို ပြန်လည်အကြောင်း ပြန်ခဲ့ကြောင်း သိရသည်။

လဲချားမြိုနယ်တွင် စစ်ကောင်စီတပ်အပြင် SSS ဝမ်ပန်ပြည်သူ့စစ်၊ SSPP /SSA နှင့် RCSS/SSA တို စစ်ရေးလှုပ်ရှားလျက်ရှိသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img