ဒီဇင်ဘာလ ၁၈ရက်၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြိုရှိ တက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို အခြားမြိုများနှင့် ပြည်မရှိ တက္ကသိုလ်များသို ပြောင်းရွှေ့တက်ရောက်ရန် ညွှန်ကြားထားကြောင်းသိရသည်။
လားရှိးမြိုတွင် ဖွင့်လှစ်ထားသည့် လားရှိးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများကို ရှမ်းပြည်အတွင်းရှိ တောင်ကြီး၊ ပင်လုံနှင့် ပြည်မရှိ မန္တလေး၊ ရန်ကုန် စသည့်မြိုကြီးများသို ကျောင်းပြောင်းရွှေ့ တက်ရောက်ခိုင်းကြောင်း လားရှိးမြိုတွင် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/သူများက ပြောသည်။
“အခုကတော့ ယာယီ ကျောင်းပြောင်းတက်ခိုင်းနေတယ်။ လားရှိးမှာ အခြေအနေမကောင်းလို ခဏပြောင်းတက်ရတာ။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို ပြောင်းလိုရတယ်။ တချိုလဲ တောင်ကြီးဘက်တို၊ တချိုဆိုရင် မန္တလေး၊ ရန်ကုန်တိုဘက်အထိ ပြောင်းသွားကြတာရှိတယ်။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တစ်ကျောင်းလုံးပြောင်းရတယ်။ ဒီမှာက အခြေအနေ မကောင်းလို ကျောင်းတက်လို မရဘူး”ဟု လားရှိးမြိုမှ တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။
“ကျောင်းအပ်တာကတော့ လားရှိးမှာပဲ အပ်ရတာ။ ဖုန်းဆက်ပြီး စာရင်းပေးတာမျိုးပဲ။ ပြီးမှ ကိုယ်သွားတက်ချင်တဲ့ကျောင်းကို ပြောလိုက်ရင် ကျောင်းသားရေးရာကနေ တခြားကျောင်းကို ဆက်သွယ်ပေးတာ။ ကိုယ်က မန္တလေးကို ပြောင်းချင်တယ်ဆိုရင် မန္တလေးမှာရှိတဲ့ တက္ကသိုလ်ကို ချပေးတာ။ လားရှိးမှာရှိတဲ့ တက္ကသိုလ်တွေအကုန်လုံး တခြားကျောင်းကို ပြောင်းတက်ခိုင်းတယ်” လားရှိးမြိုမှ ကျောင်းသားတစ်ဦးက ပြောသည်။
ယခုကဲ့သို လားရှိးမြိုရှိ တက္ကသိုလ်ကျောင်းသားများကို ကျောင်းပြောင်းရွှေ့ တက်ရောက်ခိုင်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနများရှိ အခြားသော တက္ကသိုလ်များသို ယာယီဖြစ်စေ၊ အတည်ဖြစ်စေ ပြောင်းရွှေ့ တက်ရောက်နိုင်ကြောင်းလည်း လားရှိးမြိုရှိ တက္ကသိုလ်အသိုင်းအဝိုင်းထံမှ သိရသည်။
“အခုအခြေအနေက အတည်ပြောင်းချင်လဲ ရတယ်၊ ယာယီပြောင်းချင်လဲရတယ်လို ပြောနေကြတာပဲ။ ပထမနှစ် ဆိုရင်တော့ အမှတ်တွေ ပြန်ကြည့်ဦးမယ်ထင်တယ်။ သင်ရိုးတူရင် နောက်ပြီး တစ်ဘက်ကျောင်းက လက်ခံရင်လဲ ပေးပြောင်းတယ်လို ဆရာမက ပြောထားတယ်။ လားရှိးမှာပဲ ကျောင်းဆက်တက်ချင်တဲ့ သူတွေကိုကျတော့ အထက်ကို ပြန်တင်ပြပြီး ဖွင့်ဖြစ် မဖွင့်ဖြစ်ကတော့ မသေချာဘူး”ဟု လားရှိးမြိုတွင် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးက ဆက်ပြောသည်။
လားရှိးမြိုမှ အခြားမြိုများသို ကျောင်းပြောင်းရွှေ့တက်ရောက်ရန် ညွှန်ကြားထားသည့်အတွက် ကျောင်းသား/သူများမှာ လမ်းခရီးလုံခြုံရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် ကုန်ဈေးနှုန်းမြင့်မားမှုတိုကိုလည်း စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်ကလည်း လားရှိးတက္ကသိုလ်တွင် ဖြေဆိုနေသည့် အဝေးသင်စာမေးပွဲများကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် လက်မှတ်ရေးထိုးထားသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ ရှမ်းမြောက်ရှိမြိုနယ် ၁၂ ခုထက်မနည်း အခြေခံပညာကျောင်းများလည်း ပိတ်ထားရပြီး ကလေးသူငယ်များမှာ ပညာသင်ယူရန် အခွင့်အလမ်းဆုံးရှုးကာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ သေဆုံးမှုများလည်း ရှိနေသည်။