ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြိုကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA တို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။
မန်တုံမြိုကို TNLA က ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြီးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လေးရက်ကြာတိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗုံးအလုံးပေါင်း (၃၆၀၀) ကျော် စံချိန်တင် အသုံးပြုခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က စခန်းကို လက်လွတ်ထွက်ပြေး ခဲ့ပြီး မန်တုံမြိုရှိ စစ်ကောင်စီတပ်အားလုံး တအာင်းတပ်တို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။
တပ်စခန်းအတွင်းရှိ လက်နက်ခဲယမ်းတစ်ချိုကို စစ်ကောင်စီတပ်တို မီးရှိဖျက်ဆီးပြီး ထွက်ပြေးခဲ့ရ ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ရှမ်းမြောက်မြိုအားလုံးနီးပါး လက်လွတ်ခဲ့ရပြီဖြစ်ပြီး လက်ရှိအချိန်တွင် ရှမ်းမြောက် ကွတ်ခိုင်နှင့် နမ္မတူမြိုကို တော်လှန်ရေးအင်အားစုများက ဆက်လက် ထိုး စစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။