ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၂၃
မန္တလေးမြို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ နန်းမြိုထဲကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်နှင့်ရဲ ပူးပေါင်းပြီး မန္တလေးမြိုအနှံ မြိုတွင်း မြိုပြင်ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမနေ့ ဒီဇင်ဘာလ ၂၁ ရက် မနေ့ ၂ နာရီခွဲအချိန်တွင် နန်းတွင်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ခံရတာဖြစ်ပြီး ယနေ့မနက် ၆ နာရီကစပြီး စစ်တပ်နှင့် ရဲ အင်အား ၂၀၀ ကျော်သုံးကာ မြိုအဝင်အထွက် ပိတ်ဆိုရှာဖွေမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) ၊ မြိုပြ အထူးစစ်ဆင်ရေး (U S O) ၊ No More Dictatorship People Defence Force (NMD) ၊ Security & Special Task Force ( SSTF-MDY) တို ပူးပေါင်းကာ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အဆောက်အဦးတစ်ချို ပျက်ဆီးခဲ့ကြောင်း ၎င်းအဖွဲများက ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က မန္တလေးမြို၏ အနောက်ဘက် သရက်တပင်ကျေးရွာ၊ ဟင်းရွက်စု ရွာ ဘက်မှာ အင်အားအများအပြားဖြင့် တိုးချဲ့တပ်စွဲထားကြောင်း သိရသည်။