ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြိုကို TNLA တပ်တို သိမ်းပိုက်၊ လက်နက်အများအပြားသိမ်းဆည်း ရမိ

Photo: Credit

ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြိုကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်က အပြီးသတ်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်းသိရှိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီဇင်ဘာလ ၁၀ရက်နေ့ကစပြီး နမ့်ဆန်မြိုရှိ စစ်ကောင်စီတပ်စခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နမ့်ဆန်မြိုကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို၏ စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မရေမတွက်နိုင်အောင် လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆၀ ကျော်ကျဆုံးပြီး စစ်သား အယောက် ၃၀၊ တပ်မိသားစုဝင် ၃ ဦး၊ ရဲ ၆ ဦး၊ ရဲမိသားစုဝင် ၂၅ ဦးတို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ့်ဆန်တွင် တစ်ပတ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး နေအိမ် ၁၀ အိမ်နီးပါး မီးလောင်ခဲ့ရကြောင်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img