ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၄
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်စပ်မြိုဖြစ်သော ပလက်ဝမြိုအခြေစိုက်လှုပ်ရှားနေသည့်စစ်ကောင်စီ တပ်အားလုံးကို ရခိုင်တပ်မတော် AA က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ပလက်ဝမြိုကို ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း AA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများကို ရခိုင်တပ်မတော် AA က ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာ ဗျူဟာကုန်းများ တပ်စခန်းများ တစ်ခုပြီးတစ်ခု လက်လွတ်ခဲ့ရပြီးနောက် ဒေသတစ်ခုလုံးကို ဇန်နဝါ ရီလ ၁၄ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
ပလက်ဝဒေသရှိ စစ်ကောင်စီတပ်များကို AA က နိုဝင်ဘာလ ဒုတိယပတ်လောက်တွင် စတင်ထိုးစစ်ဆင်ခဲ့ ပြီး ယခုတွင် ပလက်ဝဒေသတစ်ခုလုံး “စစ်ကောင်စီကင်းစင်နယ်မြေ” ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ရခိုင်တပ်မတော် AA နှင့် စစ်ကောင်စီတပ်တိုကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဇန်နဝါရီလ ၁၄ ရက် နေ့တွင်လည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုရှိ အမြောက်တပ်စခန်းတစ်ခုဖြစ်သော အမတ (၃၇၇) စခန်းနှင့် ရသေ့တောင်မြိုနယ်က ရီစိုးချောင်းဗျူဟာကုန်းကို AA က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။