ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၄
ပလက်ဝတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီလက်နက်အများအပြားကို ရခိုင်တပ်မတော် AA က ထုတ်ဖော်ပြသခဲ့သည်။
ပလက်ဝအခြေစိုက် စစ်ကောင်စီ၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ ၂၈၉၊ စကခ (၁၉) တိုကို သိမ်း ပိုက်ပြီးနောက် တောင်ပုံကဲ့သို များပြားလှသည့် လက်နက်ခဲ့ယမ်းများကို ထုတ်ပြလာခဲ့သည်။
AA ထုတ်ပြန်ခဲ့သော မှတ်တမ်း ဓာတ်ပုံများအရ တင့်ကား ၂ စီး၊ အတွဲလိုက်ပစ်ဒုံး၊ ဟောင်ဝှစ်ဇာ အမြှောက် လက်နက်များ၊ သေနတ် အတိုအရှည်နှင့် လက်နက်ခဲယမ်းများ မရေမတွက်နိုင်အောင် များပြားလှသည်။
စစ်ကောင်စီ၏ ရှေ့တန်းတပ်မဌာနချုပ်နှစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ နေ့ မနက် ၇ နာရီဝန်းကျင်တွင် AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။