နောင်ချိုမြိုနယ်က သံဘို တပ်စခန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်

Photo: Credit

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းနယ်စပ် နောင်ချိုမြိုနယ် သံဘိုကျေးရွာက လက်လွတ်ခဲ့ရသည့် စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၇ ရက်နေ့တွင်အင်အား အလုံးအရင်းဖြင့် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြိုနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည့် နောင်ချိုမြိုနယ် သံဘိုရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ညီနောင်မဟာမိတ်တပ်နှင့် MDY-PDF တို က သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် အရာရှိအများအပြားလည်း တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီးသက်အောင် ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် Jammer များပါ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းစခန်းကို စစ်ကောင်စီဘက်က လေကြောင်းဖြင့် အပြင်းအထန် ပစ်ကူပေးခဲ့ပြီး အင်အားအလုံးအရင်း ဖြင့်ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ယက်များက ဖော်ပြထား သည်။

သံဘိုတပ်စခန်းပြန်လည်သိမ်းခံရသည့် သတင်းနှင့်ပတ်သက်ပြီး NUG နှင့် တော်လှန်ရေးတပ်များက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img