ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြိုရှိ စစ်ကောင်စီတပ်စခန်းနှင့် ညီနောင်မဟာမိတ်တို ၄ ရက်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယနေ့မနက်အစောပိုင်းတွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
နမ္မတူမြိုအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ( ခမရ-၃၂၄ ) ကို ဒီဇင်ဘာ လ ၂၅ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အလောင်း ၃၀ ထက် မနည်း တွေ့ရှိခဲ့ပြီး ထွက်ပြေးသည့် စစ်သားများကိုလည်း တအာင်းတပ် TNLA က လိုက်လံရှင်းလင်းနေ ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း စစ် ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကိုလည်း တအာင်းတပ်များက သိမ်းဆည်းရရှိခဲ့သည်။
နမ္မတူမြိုသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်လေယာဉ်ဖြင့် ၂၅ ကြိမ်၊ Y-12 လေယာဉ်ဖြင့် ၂၇ ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 ဖြင့် ၉ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ဟောင် ဝှစ်ဇာ ၁၅၅ မမ လက်နက်ကြီးဖြင့် ၉၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသအပြင် ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို၊ နမ့်ဆန်မြို၊ နမ့်ခမ်းမြို၊ ကျောက်မဲမြိုနယ် မိုင်းလုံမြိုနှင့် နမ္မတူမြိုများကို တအားတပ်နှင့် မဟာမိတ်များက ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။