နမ္မတူမြိုနယ်က စစ်ဘေးရှောင်များ နေရပ်ပြန်မလာပါက ပိုင်ဆိုင်မှုအားလုံး ပိတ်သိမ်းမည်ဟု TNLA ခြိမ်းခြောက်

Photo: credit

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြိုနယ်မှ တခြားမြိုနယ်သို စစ်ဘေးရှောင်သွားကြသည့် မိဘပြည်သူများ အနေဖြင့် နေရပ်ထံပြန်မလာပါက နေအိမ်ချိတ်ပိတ်ပြီး ပိုင်ဆိုင်မှုအားလုံးပိတ်သိမ်းမည်ဟု တအာင်းတပ်မ တော် TNLA က ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရှိရသည်။

နမ္မတူမြိုနယ်ကို TNLA က အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်မည်ဖြစ်ပြီး မြိုနယ်အတွင်းရှိစက်တပ်ယာဉ်များအားလုံး ၎င်းတိုထံ အခွန်ပေးဆောင် ရမည်ဟု သိရသည်။

မြိုအတွင်းရှိ အစိုးရဌာနများ၏ နေရာများကိုလည်း TNLA ဘက်က သူတိုစစ်သားများကို အစားထိုးပြီး မြိုနယ်အတွင်း အသုံးပြုလျက်ရှိသော လျှပ်စစ်မီတာခများကို လစဉ်လတိုင်းသူတိုဆီ ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒါ့အပြင် နမ္မတူမြိုဒေသခံများကို အကူအညီပေးနေသည့် ကယ်ဆယ်ရေးအသင်းအဖွဲ ၊ လူမှုကူညီရေးအသင်းအဖွဲက တာဝန်ရှိသူများကို လည်း TNLA က ဖမ်းဆီးထားခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က ဆိုထားသည်။

“ ပရဟိတ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေကို TNLA က ဖမ်းဆီးသွားတယ် ၊ သူတို နမ္မတူမြိုကို သိမ်းပြီး ကတည်းက လူငယ်အယောက် ၂၀ ကျော် နီးပါးလည်း ဖမ်းဆီးတဲ့ထဲ ပါသွားတာ ၊ ခုထိတော့ ပြန်မလွတ်သေးပါဘူး၊ နမ္မတူ မြိုသိမ်းတိုက်ပွဲအတွင်းမှာ ပရဟိတ လူမှုကူညီရေးအသင်းခြံဝန်းထဲက စစ်ရှောင်ပြည်သူတိုရဲ့ ဆိုင်ကယ်အစီး ၆၀ကျော်၊ ကားတစ်စီး ခိုးခံရတယ်၊ ဒီနေ့မနက်လည်း နမ္မတူ- လားရှိးကွင်းလမ်းက နားကွမ်းတံတားလည်း ကျိုးသွားပြီ၊နမ္မတူ – လားရှိး သွားလိုရတဲ့ လုပ်လေကျေးရွာလမ်းလည်း ဝါးတားဂိတ် လုပ်ပြီး ပိတ်ပစ်တယ်၊ နမ္မတူ – မန္တလေးကားမပေါ်ရှိ မိုးတေတံတားလည်း သစ်ပင်ကြီးခုတ်လှဲပြီး ပိတ်ထားတယ် ၊ TNLA ဘက်က လမ်းတွေအကုန်ပိတ်ထားတော့ ပြည်သူတွေ အကုန်ပိတ်မိပြီး အခက်အခဲဖြစ်နေတာပါ” လို ဒေသခံတစ်ဦးက ပြောပါသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ရရှိသော မြို ၇ မြိုကို သင့်တော်သည့် ဥပေဒရေးဆွဲပြီး တရား မျှတစွာ အုပ်ချုပ်သွားမည်ဖြစ်ကြောင်း TNLA ဥက္ကဌ တားအိုက်ဘုန်းက ၆၁ နှစ်မြောက်တအာင်းတော်လှန် ရေးနေ့မှာ ပြောကြားထားသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img