နမ့်ခမ်းမြိုရှိ စစ်ကောင်စီစခန်းသစ်ကုန်း သိမ်းတိုက်ပွဲအတွင်း TNLA တပ်သား ၄၉ ဦးကျဆုံး ၁၄၅ ဦး ဒဏ်ရာရ

Photo: Credit

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို နှင့် တစ်မိုင်ခန့်သာဝေးသော စစ်ကောင်စီ စခန်းသစ်ကုန်း သိမ်းတိုက်ပွဲတွင် TNLA ဘက်က ၄၉ ဦးသေဆုံးပြီး၊ ၁၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို တစ်မြိုနယ်လုံးကို ထိန်းချုပ်နိုင်ရန်အတွက် နမ့်ခမ်းမြိုနယ်၏ အကြီးဆုံးစစ်ကောင်စီတပ် စခန်းသစ်ကို TNLA ဘက်က နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီးထိုးစစ်ဆင်ခဲ့ကာ ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် စစ်ကောင်စီက စခန်းသစ်ကုန်းကို လက်လွတ်လိုက်ရကြောင်း သိရသည်။

တစ်လကျော်ကြာ စခန်းသစ် တပ်သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ် ၃၅၀ ကျော် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ရဲဘော် ၄၉ ဦး သေဆုံးကာ၊ ၁၄၅ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြိုနယ်တစ်မြိုနယ်လုံးကို TNLA တိုက လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး တအာင်းဒေသ မန်တုံမြို ကို ဆက်လက်သိမ်းပိုက်နိုင်ရန်အတွက် စတင်ထိုးစစ်ဆင်နေပြီး မန်တုံမြိုမှာ ယခုလက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့် တအာင်းတပ်တို တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img