ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား နေပြီး စစ်ရှိန်လျော့ချနိုင်အတွက် တရုတ်၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာ မိတ်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီချက်မရကြောင်း သိရှိရသည်။
ဒုတိယအကြိမ်အစည်းအဝေးကို တရုတ်နိုင်ငံ ကူမင်မြို့တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီ – NMSC ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဘက်က ကိုးကန့်တပ်-MNDAA၊ တအာင်းတပ်-TNLA နှင့် ရက္ခိုင့်တပ်-AA တို့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်မှ မြောက်ပိုင်းတကြော စစ်ရှိန်လျှော့ချရေးကို အဓိကဆွေးနွေးခဲ့ပြီး နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းပြန်လည်စတင်နိုင်ရန်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ တစ်ဆင့် တခြားနယ်မြေများကိုပါ စစ် ပွဲမပျံ့စေရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
TNLA အရာရှိ ဗိုလ်မှူးချုပ်တာဘုန်းကျော်၏ BBC သတင်းဖြေကြားချက်အရ – “တရုတ်ကတော့ သူ့ရဲ့နှ ကိုယ်ရပ်တည်ချက်အတိုင်းပဲ ရပ်တည်တာပေါ့။ နယ်စပ်တွေကို တည်ငြိမ်အေးချမ်းဖို့အတွက် တရုတ်က စစ်ပွဲရပ်ပေးဖို့ ဖိအားပေးတာတွေ ရှိပါတယ်၊ ကျနော်တို့လည်း ယခုလက်ရှိတရုတ်ဖိအားပေး အခြေနေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာပြီး တင်ပြဆွေးနွေးသွားမယ် ” ဟု ဖြေကြားခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိက အားထားရသည့် တံတား ၄ စင်းဖြစ်သည့် ကျင်သီတံတား၊ စဉ့်အင်တံတား၊ သိန္နီမြို့ဝင်တံတား၊ ကွမ်းလုံနှင့် ဟိုပန်ကြားရှိ ဖောင်ဆိပ်နမ့်တိန်ချောင်းတံတားများ ကျိုးကျပျက်စီးခဲ့ပြီး နယ်စပ်ပို့ကုန်များ လမ်းကြောင်းအခက်အခဲ ဖြစ်ခဲ့ရသည်။
Credit-photo