ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄
ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မရဲစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ည တွင် ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ညတွင် ဆီဆိုင်မြို့မရဲစခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီက လူနေရပ်ကွက် ပေါ် လေကြောင်းဖြင့် တစ်ညလုံးဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရုတ်တရက်မြို့တွင်းတိုက်ပွဲဖြစ်ပွားတာကြောင့် ကြိုတင်ပြင်ဆင်ချိန်မရှိဘဲ ထွက်ပြေးရသူများ ရှိသလို ထွက်မပြေးနိုင်ဘဲ တိုက်ပွဲကြားပိတ်မိနေသူများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၁)ရက်နေ့တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA /PNLO) တို့ လက်နက်များသယ်ဆောင်လာသည့် ကား ၅ စီးကို စံဖူး ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် PNO တပ်ဖွဲ့တို့ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စံဖူးကျေးရွာရှိ နေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၂ ခု၊ ဆီဆိုင်မြို့မရဲစခန်း အပါအဝင် ပအိုဝ်းပြည်သူ့စစ် PNO တပ်စခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA/PNLO နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
Credit-photo