ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြိုတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို တိုက်ပွဲပြင်းထန် နေပြီး တိုက်ပွဲကြောင့် စစ်ရှောင် နှစ်ရာကျော် ခိုလှုနေကြသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြိုပေါ်က ဇေယျသုခဘုန်းကြီးကျောင်းကို ဒီဇင်ဘာလ ၁၃ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုရင်ငယ်တစ်ပါး ထိခိုက်ဒဏ်ရာရကာ ကျောင်းဆောင်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုအပြင် စစ်ကောင်စီက လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ခမ်းမြိုပေါ် နောင်စန့်ရပ် ကွက်က နေအိမ်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးစတင်နေ့ကစပြီး TNLA က နမ့်ခမ်းမြိုကို အပြီးပိုင်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးစားလျက် ရှိပြီး နမ့်ခမ်းမြိုက စခန်းသစ်ကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။
စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် တအာင်းတပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက် ကလည်း ရဟတ်ယာဉ်ဖြင့် စခန်းသစ်ကုန်းကို အင်အားအများအပြား ထပ်မံတိုးချထားကြောင်း သိရသည်။