ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြိုရှိ စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံကို တအာင်းတပ်မ တော် TNLA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို TNLA တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က Y-12 လေယာဉ်အမျိုးအစားဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တအာင်းတပ် TNLA က နမ့်ဆန်မြို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ အပြီး သတ် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရသိရသည်။
နမ့်ဆန်မြိုတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး အရပ် သားနေအိမ်နှင့် စေတီပုထိုးအများအပြား ထိခိုက်မှုရှိခဲ့သည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်တွေကိုလည်း TNLA က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းမြောက်တွင် တိုက်ပွဲများဆက်တိုက်ပြင်းထန်နေပြီး တအာင်းတပ်က နမ့်ဆန်မြိုထိန်းချုပ်နိုင်ရေး အကောင်အထည်ဖော်နိုင်ရန်အတွက် နမ့်ဆန်မြိုနယ်မှာ စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း သိရှိရပါသည်။