ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄
ဂျပန်နိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး အမြင့်တစ်မီတာရှိသည့် ဆူနာမီလှိင်းဖြစ်ပေါ်ရိုက်ခတ်ခြင်းကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့သည့် အပြင် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဟွန်ရှု ပင်မကျွန်း ဂျပန်ပင်လယ်ပြင်ဘက်က အီရှီကာဝါးစီရင်စု ဒေသစံတော်ချိန် တနင်္လာနေ့ နေ့လည် ပိုင်း ၄ နာရီ ဆယ်မိနစ်ခန့်တွင် ပြင်းအား ၇.၆ ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး အမြင့် ၄ ပေရှိသည့် လှိင်းများ ဝါဂျီးမားဆိပ်ကမ်းကို ရိုက်ခတ်ခဲ့ပြီး မြောက်ပိုင်းရှိ ဟိုကိုင်းဒိုးကျွန်း အထိ လှိင်းငယ် များရိုက်ခတ်ခဲ့သည်။
ငလျင်တည်နေရာနှင့် မိုင် ၁၉၀ ခန့်ဝေးသည့် တိုကျိုရှိ အဆောက်အဦးများလည်း လှုပ်ခတ်ခဲ့သည့်။ ပျက်စီးဆုံးရှုးမှုများကို စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ က ပြည်သူများကို မြေမျက် နှာပြင် အမြင့်ပိုင်းဘက် ရွှေ့ကြရန် ရုပ်သံအစီအစဉ်တွင် တိုက်တွန်းပြောကြားထားသည်။