ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြိုအနီးရှိ ကျေးရွာများကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ် နေ့တွင် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
သိန္နီမြိုအနီး ပန်လော့တိုးဂိတ်၊ ဝိန်းလျှန်၊ မိုင်းယမ်း၊ လုံမောက်ကျေးရွာတွေကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားနေအိမ်အများအပြား ပျက်ဆီးခဲ့ပြီး ဒဏ်ရာရသည့် လူများလည်း ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း စစ်ကောင်စီက သိန္နီမြိုပေါ်သို လေကြောင်းတိုက်ခိုက်မှု ကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိကာ နေအိမ်အလုံး ၂၀ ထက်မ နည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
သိန္နီမြိုကို ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားခဲ့ပြီး ကိုးကန့်တပ်ဖွဲ MNDAA ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရန် ကြိုးစားနေပြီး ရွာသူကြီးများကိုလည်း မကြာခဏ အစည်းဝေးခေါ်လေ့ရှိ ကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြိုနယ်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၈ ဦးသေဆုံးခဲ့ ပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ အပြစ်မဲ့ပြည်သူနေအိမ် ၂၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။