ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ခိုက်သိမ်းပိုက်

Photo: Credit

ဇန်နဝါရီ ၁ ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုနယ် မိုင်းငေါ့မြိုရှိ အမှတ် စစ်ကောင်စီတပ်စခန်းကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြိုရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၃ ၊ ခလရ-၂၃၅ တိုကို တအာင်းတပ်မတော် TNLA က ဒီဇင်ဘာလ ၂၉ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် မနေ့ည ၁၂ နာရီ ၂၀၂၄ နှစ်သစ်ကြိုချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

၃ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဂျက်ဖိုက်တာ ၅ ကြိမ်၊ Y-12 လေယာဉ် ဖြင့် ၁၉ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မြိုခံ အရပ်သား ၂ ဦးသေဆုံးခဲ့ ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ် စုစုပေါင်း ၁၉ လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း TNLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲမဖြစ်ပွားမီ စစ်ကောင်စီဘက်က ထောက်ပိုလေယာဉ် MI-17 ဖြင့် ၃ ကြိမ်တိတိလာရောက်ပိုဆောင် ခဲ့ကြောင်း ဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA က နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ စသည့် မြိုများရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img