ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄
ကရင်ပြည်နယ် မြဝတီမြို သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်သည့် ရဟတ်ယာဉ် သည် စစ်ကောင်စီအရာ ၆ ဦးလိုက်ပါစီးနင်းခဲ့ပြီး ဒရုန်းပညာရှင်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင်တွင် သင်္ဃန်းညီနောင်သို ပျံသန်းလာသော စစ်ကောင်စီရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့ရာ အရာရှိ ၆ ဦးအနက် ၅ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျမှုတွင် လိုက်ပါခဲ့သော အရာရှိ ၆ ဦးမှာ – ဗိုလ်မှူးချုပ် အေးမင်းနောင် DSA-41 တပ်မ မှူး တပ်မ (၄၄) (သေဆုံး) ၊ ဗိုလ်မှူးစိုးလွင်ထွန်း ယာယီတပ်ရင်းမှူး ခမရ (၉) (သေဆုံး) ၊ ဗိုလ်မှူးတိုးဦး လေယာဉ်မှူး (သေဆုံး) ၊ ဗိုလ်ကြီး တွဲဘက် လေယာဉ်မှူး (သေဆုံး) ၊ ဗိုလ်ကြီး ဒရုန်းကျွမ်းကျင်ပညာရှင် တစ်ဦး (သေဆုံး) နှင့် တပ်ကြပ်ကြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရဟတ်ယာဉ် ပစ်ချခံရမှုမှာ အတွင်းသတင်း ပေါက်ကြားမှုကြောင့်ဖြစ်ပြီး သတင်းပေါက်ကြားစေ ခဲ့သည့် ဖရဲသီးများကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။