ပြောင်းခင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး

Photo : Credit

ဒီဇင်ဘာလ ၁ရက်၊၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်‌၊ နမ့်ပေါင်တိုက်နယ်တွင် ပြောင်းဖူးခင်းထဲ ပြောင်းချိုးနေသည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၃၀) ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ်၊ နမ့်ပေါင်တိုက်နယ်ရှိ ဟိုနား ကုန်းသာရွာအနီးက ပြောင်းခင်းတွင် ပြောင်းချိုးနေသည့် အသက် (၂၇) နှစ်အရွယ် နန်းကြည်ဆိုသူမှာ လားရာမသိသော လက်နက်ကြီးထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့ မနက်က သူတို့တောင်ယာထဲမှာ ပြောင်းဖူးချိုးနေတဲ့ အချိန် ဘယ်ကပစ်လိုက်မှန်းမသိတဲ့ လက်နက်ကြီးတစ်လုံး ကျလာတယ်။ အဲ့မှာ ဗုံးစစင်တာထိပြီး ညာဘက်ပုခုံးကနေ ဖောက်ထွက်လာတာဘဲ။ ပွဲချင်းပြီးသေသွားတာ သူတစ်ယောက်တည်းကိုဘဲထိပြီး တစ်ခြား သူတွေတော့ ဘာမှမဖြစ်ဘူး”ဟု ‌နမ့်ပေါင်ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးကျရာ ဒေသအနီးတစ်ဝိုက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲသံများမကြားရသော်လည်း စစ်ကောင်စီ တပ်အမှတ် ခလရ- ၂၉၁ တပ်က နေ့စဥ်ရက်ဆက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တပ်ရဲ့ အနီးတဝိုက်တွင် နေထိုင်သော ဒေသခံများအနေနဲ့ ညဆို အိမ်မှာမနေရဲကြဘဲ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေကြသည်ဟု သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img