ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅ နာရီကစပြီး ယနေ့ထိ တပ်မတော်အချိုခြောက်စက်ရုံတွင် အခြေ ချစခန်းချထားသည့် စစ်ကောင်စီတပ်ကို TNLA တပ်က ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်တပ်ကဗျူဟာကုန်းကနေ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဆန်မြို့ပေါ်ရပ်ကွက်တစ် ချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ပျက်ဆီးခဲ့သည်။
တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်မိသားစုဝင်များက စစ်တပ်အချိုခြောက်စက်ရုံတွင် ခိုလှုံနေကြ ပြီး စစ်တပ်ဘက်က အပြင်းအထန် ခုခံတိုက်ခိုက်နေရကြောင်း သိရသည်။
ရှမ်းမြောက်တွင် လွန်ခဲ့သည့် အောက်တိုဘာလကစပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီတပ် နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်မြို့တွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။ ယင်းတွေ့ဆုံမှုကြောင့် ပြည်သူများ မစိုးရိမ်ကြရန် ညီနောင်မဟာမိတ်တို့က တိုက်တွန်းထားပါသေးသည်။