နမ့်ခမ်း-စခန်းသစ်ကုန်းက လက်နက်ချဖို့ထွက်ပြေးလာတဲ့ ရဲ ၇ ဦးကို စစ်တပ်က ပစ်သတ်

Photo : Credit

နိုဝင်ဘာလ ၃၀ရက်၊၂၀၂၃

နမ့်ခမ်းမြို့နယ်မှာရှိတဲ့ စခန်းသစ်ကုန်းကို ညီနောင်မဟာမိတ်တပ်တွေဝိုင်းထားချိန်မှာ လက်နက်ချပြီး အလင်းဝင်ဖို့ ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၇ဦးကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာ‌ကြောင့် ၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၉ရက် နေ့လည်ပိုင်းက TNLA အပါအဝင် မဟာမိတ်တပ်တွေဝိုင်းထားချိန်မှာ ရဲတပ်ဖွဲ့ဝင် ၇ဦးက လက်နက်ချလို‌ေကြာင်း ဆက်သွယ်ပြီး ထွက်ပြေးလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဟာ စကခ ၇ လက်အောက်ခံ ခမရ ၄၂၅ ဖြစ်ပြီး ဒဏ်ရာရတဲ့ ရဲတွေအပါအဝင် အားလုံးကို စခန်းအတွင်း ပြန်ဆွဲယူသွားတယ်လို့သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“TNLA ဆီ ရဲ ၇ဦးက ဆက်သွယ်လာတယ်။ လက်နက်ချမယ်ဆိုပြီး။​ ဟိုကောင်(စစ်တပ်)က ပေးမချဘူး။ သူတို့ချင်းပြဿနာဖြစ်တယ်” လို့ သူက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို TNLA ဦးဆောင်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img