တောင်ကြီး​ရောက်စစ်ရှောင်များအား ဧည့်စာရင်း တိုင်ကြားခိုင်းသည့်ကိစ္စ စစ်ဘေးရှောင်များနှင့် ဒေသခံများအား စိုးရိမ်မှုဖြစ်စေ

Photo : Credit

၁၁-၁၁စစ်ဆင်ရေးကြောင့် ရှမ်း-ကရင်နီ နယ်စပ်တစ်လျှောက်က ဒေသခံတွေဟာ နိုဝင်ဘာ ၁၅ရက်နေ့ကတည်းကစပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းကိုတော့ နိုဝင်ဘာ ၁၉ရက်နေ့မှ စစ်ဘေးရှောင်တွေကို တရားဝင်လက်ခံခွင့်ပြုခဲ့တာဘဲဖြစ်ပါတယ်။

 သို့ပေမယ့်လည်း ယခုလို စစ်ဘေးရှောင်များအား ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ဧည့်စာရင်းစစ်နေခြင်းများဟာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကို စိုးရိမ်စေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

  အောင်ပန်းမြို့မှ စစ်ဘေးရှောင် ၅၀၀ကျော် နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအချို့ တွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များကလည်း ဧည့်စာရင်းများတိုင်ခြင်း၊ ရွာသူကြီးကို အကြောင်းကြားခြင်းပြုလုပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

“တောင်ကြီးမှာတော့ တိုးတိုးတိတ်တိတ် နေ နေကြရတာ၊ သူတို့ လာရှုပ်မှာဆိုးလို့လေ။ လာနေတဲ့ လူတွေကလည်း ဧည့်စာရင်း မတိုင်ရဲဘူး။ အိမ်ထဲမှာပဲ နေကြတာပေါ့၊ သိပ်မထွက်ရဲကြဘူးပေါ့” ဟု တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီမှာကတော့ ဘယ်မှာပဲ တည်းတည်းပေါ့၊ ကျနော်တို့ အိမ်မှာလာနေလည်း တာဝန်ယူပြီး ဧည့်စာရင်းကို ကောက်ရတယ်။ ပြီးတော့ ဌာနဆိုင်ရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း တင်ရတာပဲလေ။ ဧည့်စာရင်းမတင်ပဲနဲ့ နေပိုင်ခွင့် မရှိဘူး။ ဒီမှာကတော့အဲ့လို ဧည့်စာရင်းမတိုင်ပဲနဲ့ နေပိုင်ခွင့်မရှိဘူးလေ” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img