စစ်ကောင်စီမှလေယာဉ်ပစ်ကူသုံးခုခံနေသည့် လားရှိုးမြို့နယ် မိုင်းကျက်စစ်ကောင်စီစစ်စခန်းကို TNLA မှ တစ်လနီးပါးကြာတိုက်ခိုက်မှုအပြီးမှာသိမ်းပိုက်နိုင်ခဲ့

Photo : Credit

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းလွှတ်မြောက်ရေးတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာန အရာရှိက ပြောကြားလိုက်ပါတယ်။
TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးတစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက်နေ့ ညသန်းခေါင်ချိန်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြိလို့ TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုလိုက်ပါတယ်။

အဆိုပါစစ်ကောင်စီတပ်စခန်းကို TNLAက ပထမအကြိမ် တစ်ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားပြီးဖြစ်ခဲ့ပါတယ်။ဒါပေမယ့် စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးပစ်ကူများသုံးပြီး နေရာပြန်ယူထား၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ညပိုင်း၌ ဒုတိယ အကြိမ်ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်လည်းဖြစ်ပါတယ်။

“သူက စခန်းကုန်းနည်းနည်းမြင့်တယ်။ ပြီးတော့ စစ်ဗျူဟာကျတဲ့နေရာလည်းဖြစ်တဲ့အတွက်ကြောင့်လေ။ဒီဖြစ်စဉ်မှာ တစ်ခါ သိမ်းလိုက်တယ်။ဒါပေမဲ့ လက်နက်ကြီးတွေ ဗုံးတွေ လာကြဲလိုက်လို့ ကျမတို့ပြန်ဆုတ်ခွာလိုက်ရတဲ့ အနေအထားရှိတယ်။ အခုကကျမတို့ပြန်ပြီးတိုက်ခိုက်တယ်။ပြန်ပြီးသိမ်းလိုက်တယ်”ဟုTNLA ပြန်ကြားရေးအရာရှိက ပြောပါတယ်။

စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ကူပေးနေသည့်ကြားမှထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img