စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေချိန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စီးပွားရေးဌာနမှူး ဗိုလ်မှူးတားဆငဉ်းဇာရ် ခေါ် မိုင်းနိုင်သန်းထွန်း ကွယ်လွန်

Photo : Credit

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၃

ရှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့သည့်အောက်တိုဘာလကစပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေချိန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၏ စီးပွားရေးဌာနမှူးဖြစ်သူ ဗိုလ်မှူးတားဆငည်းဇာရ်ခေါ် မိုင်းနိုင် သန်းထွန်းဟာ ယမနေ့ နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းမှာ ၉၆ ပါးရောဂါကြောင့် ကွယ်လွန်သွားခဲ့တယ် လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးတားဆငည်းဇာရ် (ခေါ်) မိုင်းနိုင်သန်းထွန်းဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထဲမှာ ၂၀၁၂ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ – ၂၀၂၂ ခုနှစ်အထိ စစ်ဦးစီးချုပ်ရုံးမှာ တာဝန်ယူခဲ့သည့်အပြင် ၂၀၂၂-၂၀၂၃ခုနှစ်အထိ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရပြီး ကွယ်လွန်သွားသည့် အချိန်ထိ စီးပွားရေးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

မိုင်းနိုင်သန်းထွန်းကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် ဆိုင်းလိန်ကျေးရွာဇာတိတွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၃၂ နှစ် ရှိနေပြီလို့ သိရပါတယ်။

သူ၏ ဇာပန ကိုလည်း TNLA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ထိုက်ထိုက်တန်တန် ပြုလုပ်ပေးသွားမယ်လို့ သိရှိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img