TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသော စယ်လန့်ရွာသား စိုင်းမောဝ်အွန်ကို ပြန်လည်လွှတ်ပေး

Photo : Credit

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ : ၅၅ ခန့်တွင် မူဆယ်မြို့နယ် စယ်လန့်ရွာမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ခေါင်းဆောင်တစ်ဦး စိုင်းမောဝ်အွန်ကို တအောင်းတပ်ဖွဲ့ ( TNLA ) က ဖမ်းဆီးခေါ်ဆောင်သွားရာ ယမနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

တအောင်းတပ်ဖွဲ့ ( TNLA ) က စိုင်းမောဝ်အွန်ကို မူဆယ် ၊ နမ့်ခမ်း ကားလမ်းမပေါ်က မိုင်းဆတ် ၊ ဖိုင်ကျောင်း ၊ မန်ဖာရွာတွေမှာ လုံခြုံရေး ယူထားတဲ့ တအောင်းတပ်ဖွဲ့တွေကို ဓာတ်ပုံလာရိုက်သောကြောင့် SSPP/SSA ရဲ့ တိုက်နယ်မှူးတစ်ဦးဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယမနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

၎င်းပြဿနာအား မကြီးထွားလာစေရန် မဟာမိတ်ရေးရာရုံးမှ ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ခေါင်းဆောင်တစ်ဦး စိုင်းမောဝ်အွန်ကို ရပ်မိရပ်ဖထံ အပ်နှံပေးပြီးဖြစ်ကြောင်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img