ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲကြောင့် ထိခိုက်ဆုံးရှူံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ မဟာမိတ်တပ်ဖွဲ့ ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ဝတ်စစ်စားတွေ ချုပ်ခိုင်းနေကြောင်း သိရပါတယ်။
လားရှိုးမြို့အတွင်းရှိ စက်ချုပ်ဆိုင်တွေကို အာဏာသိမ်းစစ်ကောင်စီက SSPP/SSA ၊ MNDAA ၊ TNLA တို့ရဲ့စစ်ဝတ်စုံတွေ ချုပ်ခိုင်းနေပြီး ဒီလိုလုပ်ရက်တွေဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ကာ မဟာမိတ်တပ်တွေနဲ့ ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တွေကို လုပ်ကြံစွပ်စွဲဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က အသိပေးပြောဆိုထားပါတယ်။
ထိုလုပ်ရက်တွေကြောင့် ပြည်သူတွေ အနေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ရဲ့ တပ်စွဲရာ နေရာ ၊ အဆောက်အဦး နဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို လုံးဝမသွားလာကြဖို့ အထူးဂရုစိုက် သွားလာကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသအတွင်း အရပ်သားပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်မှု ၊ နေအိမ် အဆောက်ဦးများ မီးရှို့ဖျက်ဆီးမှု ၊ လူသားတွေကို ဒိုင်းပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကို ဆက်မပြတ် ကျုးလွန်ခဲ့တာတွေကြောင့် လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ရှမ်းမြောက်ဒေသမှာ စစ်ရေးဆုံးရှုံးမှု များပြားနေသောကြောင့် ပုံစံတူ လုပ်ရက်တွေကို စစ်ကောင်စီအနေနဲ့ ပြုလုပ်လာနိုင်တယ်လို့ ထပ်လောင်းပြောဆို ထားပါတယ်။