နိုဝင်ဘာလ ၁၄ရက်၊၂၀၂၃
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ ထိပ်တိုက် ဖြစ်ပါတယ်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၂ရက်နေ့မှာတော့ ကျောက်မဲ-သီပေါရဲ့ လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့ ကျင်သီတံတားအပါအဝင် စစ်ကောင်စီ တပ်စခန်းနှစ်ခုကိုပါ မြောက်ပိုင်းမဟာမိတ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မနေ့က ( နိုဝင်ဘာ ၁၃) ရက်နေ့ ည ၁၀:၃၀ အချိန်မှာတော့ လက်နက်ကြီးသံ ၅ချက်ကြားရပြီး သီပေါမြို့နယ် နားလွယ်ရွာအနောက်ဘက်က နှမ်းခင်းနဲ့ လီဆူးရွာပေါ်သို့ ကျခဲ့တာလို့ သိရပါတယ်။
နားလွယ်ရွာအနီးက နှမ်းခင်းပေါ်ကျတဲ့ လက်နက်ကြီးသုံးလုံးထဲမှ တစ်လုံးကတော့ မပေါက်ကွဲဘူးလို့ သိရပြီး မြို့ပေါ်နေအိမ်အချို့ကတော့ လက်နက်ငယ်တွေကြောင့် အိမ်အမိုးတွေပေါက်ကုန်တယ်လို့သိရပါတယ်။ဒီကနေ့ မနက်အထိပိုင်းအထိတော့ သီပေါမြို့ဟာ တိတ်ဆိတ်လျက်ရှိနေပြီး ထူးခြားမှုမရှိသေးဘူးလို့ သိရပါတယ်။