နိုဝင်ဘာလ ၁၅ရက်၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ သီပေါမြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများတွင် ရုံးဝန်ထမ်းများ တစ်ဦးမှမရှိတော့ဘဲ အားလုံးထွက်ပြေးသွားပြီဖြစ်ကြောင်း သီပေါမြို့ခံတွေမှတဆင့် သိရသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်နေ့ကစတင်ပြီး သီပေါမြို့နယ်ကို TNLAတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ သီပေါမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ ရဲစခန်းများတွင် ရဲစခန်းဝန်ထမ်းများ နှင့် ရဲများမရှိတော့ဘဲ အားလုံးထွက်ပြေးတိမ်းရှောင်ကြကြောင်း တစ်ချို့ကတော့ စစ်ကောင်စီ ၏ တပ်ရင်းတပ်ဖွဲ့များတွင် သွားရောက်ပူးပေါင်းနေထိုင်ကြကြောင်း သိရသည်။
“ထွေ/အုပ်ရုံး၊ လဝကရုံးနဲ့ အခြားဌာနဆိုင်ရာ ရုံးတွေမှာ လူတွေမရှိတော့ဘူး။ တစ်ချို့ရုံးတွေတော့ အစောင့်ရှိသေးတယ်။ TNLAက သီပေါမြို့ရဲ့ အဝင်အထွက်တင်မကတော့ဘူး မြို့ရဲ့ ၃ ပုံ ၂ ပုံလောက်ကို စိုးမိုးထားတယ်။ အင်အားက တော်တော်များတာ။ မြို့ပေါ်မှာ အခုလက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တစ်ယောက်မှ မရှိတော့ဘူး” ဟုသီပေါမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် သီပေါ- ကျောက်မဲမြို့နယ်ကြားရှိ ကျင်သီတံတားကို TNLA ကမိုင်းခွဲခဲ့သဖြင့် တံတားမှာ လုံးဝအသုံးပြုလို့ မရတော့တာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလျက်ရှိပါသည်။