“ဝ” တပ်ဖွဲ့က ဘက်မလိုက်သည့်မူကို ကိုင်စွဲပြီး ပြည်သူကို အကာအကွယ်ပေးမည်ဟုဆို

Photo : Credit

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူထောင်ချီ စစ်ဘေးရှောင် နေရတာဖြစ်ပါတယ်။

ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး နယ်မြေအတွင်းသို့ ဝင်ရောက်ခိုလှုံသည့် ပြည်သူများကို ခြွင်းချက်မရှိ အကာအ ကွယ်ပေးသွားမယ်လို့ တရုတ်ဘာသာစကားဖြင့် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ဘက်မလိုက်သည့်မူဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း ပါရှိပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက – “ဝ”နှင့် မိုင်းလားဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးတယ် လို့ ပြောဆိုခဲ့ပါတယ်။

မိုင်းလားနဲ့ “ဝ” တို့ဟာ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ ဝင်လျှင် တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါသေးတယ်။

ညီနောင်မဟာမိတ်တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်း စစ်ဘေးရှောင်ဦးရေ ၅ ထောင်ခန့်ရှိ နေပြီး “ဝ” တပ်ဖွဲ့က စားဝတ်နေရေးအတွက် တာဝန်ယူစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img