လောက်ကိုင်မြို့၏ မာရှယ်လောအချိန်ကို ထပ်မံပြောင်းလဲ ထုတ်ပြန်

Photo : Credit

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးကော်မတီ က မနက်ဖြန် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ မာရှယ်လော အချိန်ကို မနက် ၁၀ နာရီမှ ညနေ ၄:၃၀ အချိန်အတွင်းသာ သွားလာခွင့်ရှိကြောင်း ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထပ်မံပြောင်းလဲ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဒေသအတွင်းရှိ ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်း လုံခြုံမှုကို ကာကွယ်ရန် ၊ တည်ငြိမ်သော လူမှု့ဆက်ဆံရေးကို ထိန်းသိမ်းရန် နှင့် မတော်တဆမှုများကို မဖြစ်ပေါ်စေလိုသောကြောင့် မာရှယ်လော အချိန်ကို ထပ်မံတိုးမြင့်ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။

ဒေသခံတစ်ဦးက – “ ကျွန်တော်တို့ကတော့ သူတို့သတ်မှတ်ထားတဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ : ၃၀ အချိန်ထိသာ သွားလာလို့ရတယ် ၊ လမ်းကြို လမ်းကြားတောင် မသွားလာရတော့ဘူး ၊ ကျန်တဲ့ချိန်က သူတို့ရဲ့ တရားဝင် တာဝန်ထမ်းဆောင်တဲ့သူတွေ ယဉ်တွေပဲ သွားလာခွင့်ရမယ် ၊ အကယ်လို့ ပြည်သူတွေ ထဲက ကျန်းမာရေးအရချို့ယွင်းတာတို့ အရေးပေါ်အခြေနေတစ်ခုခု ရှိလာရင် သက်ဆိုင်ရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာတာဝန်ခံကနေ သက်ဆိုင်ရာဌာန များကို ညှိနှိုင်း ဆောင်ရွက်ရမယ် “ လို့ ပြောပါတယ်။

ယခုအချိန်အထိ လောက်ကိုင်မြို့အနီးတဝိုက်မှာလည်း လက်နက်ကြီး လက်နက်ငယ်အသံတွေ ကြားရပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img