နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး သွားကြောင်း၊ တိုက်တဲ့ ကားသမားက ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရှိရပါတယ်။
ယမနေ့ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်တွင် လားရှိုးမြို့ ရပ်ကွက် (၅၊၆၊၇) အဝင်လမ်းထိပ်မှာ ကားတစ်စီးက တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးကို တိုက်ပြေးသွားတာကြောင့် တာဝန်သိပြည်သူတစ်ဦးမှ အကြောင်းကြားလာတာဖြစ်တယ်လို့ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က လူမှုကွန်ယက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
တိုက်ပြေးသွားတဲ့ကားဟာ အနက်ရောက် FORD ကားအမျိုးအစားဖြစ်ပြီး ယခုချိန်ထိ ကားသမားဟာ ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ သိရပါတယ်။ ကားတိုက်ခံရတဲ့ ကလေးငယ်ကို လားရှိုးရင်ခွဲရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။