ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ထောင်ချီ တန့်ယန်းမြို့ရောက်ရှိ၊ စားဝတ်နေရေးအကူညီလိုအပ်

Photo : Credit

နိုဝင်ဘာလ ၉ရက်၊၂၀၂၃

လက်ရှိ ရှမ်းမြောက် မဟာမိတ်ညီနောင်၃ ဦးရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တစ်ခွင်လုံးမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ လုပ်သားပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။ယခုမှာလည်း တိုက်ပွဲဖြစ်ပွားရာဒေသကနေ ရှမ်း-မြန်မာ လုပ်သားထောင်နဲ့ချီပြီး တန့်ယန်းမြို့မှာ စစ်ဘေးရှောင်နေကြ ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲကြောင့် ‌ချင်းရွှေဟော်ကနေ ပန်ဆန်း ‌ပန်ဆန်းမြို့ မှတစ်ဆင့် ရှမ်း-မြန်မာလုပ်သားထောင်နဲ့ချီပြီး တန့်ယန်းမြို့ထဲမှာ လာရောက်စစ်ဘေးရှောင်နေကြရတာဘဲဖြစ်ပါတယ်။ လက်ရှိစစ်ဘေးရှောင်တွေဟာ တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းတိုက်၊ မြို့နယ်အားကစားရုံနဲ့ ဝစာပေယဥ်ကျေးမှုရုံးတွေမှာ နေထိုင်လျက်ရှိပါတယ်။

စစ်ဘေးရှောင်လာသူအများစုဟာ အသက် ၂၅ မှ ၅၀ အတွင်းလူကြီးပိုင်းတွေဖြစ်ပြီး လပိုင်းကလေးငယ်နှင့် မိခင်တွေလည်းပါတယ်လို့ သိရပါတယ်။ ပျှမ်းမျှစစ်ရှောင်ဦးရေမှာ တစ်နေရာလျှင် လူ ၃၀၀ ကျော်ခန့်ရှိနေပြီး စုစုပေါင်းလူတစ်ထောင်ကျော်ခန့်ရှိမယ်လို့လည်း သိရပါတယ်။ စစ်ဘေးရှောင်တွေထဲမှ ငွေကြေးတတ်နိုင်သူအချို့ကတော့ နေရပ်ပြန်ကြပြီး အခက်အခဲရှိသူတွေကတော့ စစ်ဘေးရှောင်နေကြရဆဲဖြစ် ပါတယ်။ အဆိုပါစစ်ဘေးရှောင်တွေအတွက် စောင်၊အိပ်ယာခင်း၊စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်းကိုလည်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img