ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့အနီး အုမ္မခါးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား တပ်မတော် TNLA တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့မနက်အစောပိုင်း တိုက်ပွဲမဖြစ်ခင်မှာ TNLA က မနက် ၆ နာရီကနေ ၉ နာရီအထိ လမ်းပိတ်ခဲ့ပြီးနောက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပစ်ကူရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နေ့လည် ၃ နာရီလောက်ထိ တိုက်ပွဲဆက်ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
နောင်ချိုမြို့နယ်မှာ TNLA နဲ့ စစ်တပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ယခုတိုက်ပွဲဖြစ်ပွားနေသည့် အုမ္မခါးကျေးရွာဟာ ပြင်ဦးလွင်နှင့် နောင်ချိုကြား ကားလမ်းမပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။