နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို TNLA မှတိုက်ခိုက်သိမ်းပိုက်

Photo : Credit

နိုဝင်ဘာ ၃ရက်၊၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း ၊နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLAမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အတည်ပြုသတင်းရရှိပါတယ်။

၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်မှ ဒီကနေ့ နံနက်ပိုင်း (၆း၅၅)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်”လို့ဆိုပါတယ်။

 တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် (၄)လက်၊ 60MM ဗုံးသီး(၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး(၅၀)လုံး၊ ကျည်ဆံအမြောက်အများနဲ့ စစ်အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

 စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img