ညီနောင် မဟာမိတ်၃ဖွဲ့ သိန္နီမြို့ကို ထိန်းချုပ်

Photo : Credit

ဒီကနေ့ မနက် အောက်တိုဘာလ ၂၉ ရက်နေ့ ၇ နာရီဝန်းကျင်မှာ ရှမ်း‌ပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို MNDAA၊ TNLAနဲ့ AAတို့ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

“ကိုးကန့်(MNDAA)တွေ သိန်းနီတိုးဂိတ်မှာ နေရာယူသွားကြပြီ။ မြို့ထဲ နဲ့ မြို့ဝန်းကျင်တဝိုက်မှာလည်း ရှိနေကြတယ်။ တိုက်ပွဲဖြစ်သံတွေလည်း အခုထိ ကြားနေရတုံးပဲ။ အခုလည်းသိန်းနီ ရဲစခန်းကို ကိုးကန့်တပ်ဖွဲ့တွေ ဝိုင်းထားကြတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ မဟာမိတ် ၃ဖွဲ့တို့ သိန္နီမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေပြီး လားရှိုးမြို့မှာလည်း မနေ့ညကနေ ယခုအချိန်ထိ လက်နက်ကြီးအသံတွေ ကြားနေရဆဲ ဖြစ်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တိုက်ပွဲအတွင်းမှာလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA)မှ စစ်ကောင်စီရဲ့ သံချပ်ကာကား နှစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img