စစ်ကောင်စီမှ အရပ်ဘက်ဆရာဝန်နှင့် ဆရာဝန်အသစ်များကို စစ်ရာထူး ဗိုလ်အဆင့်ပေး၍ ရှေ့တန်းထွက်ခိုင်း

Photo : Credit

နိုဝင်ဘာ ၁၆ရက်၊၂၀၂၃

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အရပ်ဘက်ဆရာဝန်များနှင့် တက်သစ်စ ဆရာဝန်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်‌ပေးပြီး ရှေ့တန်းထွက်ခိုင်းနေတယ်လို့ ဆရာဝန် အချို့ကပြောပါတယ်။

  ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့ရဖောင်ကြီးသင်တန်းဆင်း အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန်အသစ်များကို အတင်းအကြပ်စစ်ရာထူး‌‌‌ပေး၍ ရှေ့တန်းထွက်ခိုင်းကြောင်း ၊ မူလ စတင်ခေါ်ယူချိန်က ဆေးတပ်များနှင့် စစ်ဆေးရုံများတွင်သာ အလုပ်လုပ်ရမယ်လို့ ပြောဆိုခဲ့ပေမယ့် ခုချိန်မှာတော့ ရှေ့တန်း စစ်မျက်နှာပြင်များသို့ ထွက်ရမယ်လို့ ပြောဆိုလာတယ်လို့ သိရပါတယ်။

  “မူလတုန်းက ပြောတာက ရှေ့တန်းသွားစရာမလိုဘူးလို့ပြောတယ်။ ဆေးတပ်တွေနဲ့ စစ်ဆေးရုံတွေမှာ လုပ်ရမှာ။ အခုမှ ရှေ့တန်းကိုသွားခိုင်းတယ်။ ရှေ့တန်းဆိုပေမယ့် ရှေ့တန်းက နောက်တန်းမှာ ဒဏ်ရာရသူတွေကို ဆေးကု‌ပေးရမယ်လို့‌ ပြောတယ်။ ရှေ့တန်းဆိုရင်တော့ မသွားချင်သူတွေများတယ်။ အခုလားရှိုးဘက်ကို အရပ်ဘက်စစ်ရာထူးခန့် ဆရာဝန်တွေအဖွဲ့ လိုက် အသုတ်လိုက်ခွဲလွှတ်နေပြီ” လို့ ဆရာဝန်တစ်ဦး ကပြောပါတယ်။

  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ဆရာဝန်များကို ဗိုလ်အဆင့်ခန့်အပ်ကာ တပ်မတော်(ကြည်း) အရန်အင် အားအဖြစ် တာဝန်‌‌ပေးအပ်သည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်း နှင့် စစ်တပ်ဘက်မှ ထိပ်တန်း စစ်ဗိုလ်ချုပ်များတက်ရောက်ခဲ့ကြ‌ကြောင်းသိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img