နိုဝင်ဘာလ ၁ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကျောက်မဲမြို့ဒေသခံတွေက
တဆင့် သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်ပိုင်းကစပြီး ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ် ပြီး ကျောက်မဲ အခြေစိုက် ခမရ (၅၀၂) တပ်စခန်းကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့အနီးကရွာတွေဖြစ်တဲ့ ပင်တီး၊ ပင်တိန်၊ လုံကြိမ်၊ နောင်ပစ်၊ နောင်ပိန်၊ ဇီးပင်၊ ကျောင်းကုန်း၊ ခိုက်တုန်ဟုန်းနဲ့ နားအိုက်ခန့်ကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့ အသံအပြင် အုမ္မခါးကျေးရွာဘက်ကို လည်းစစ်ကောင်စီမှ လေကြောင်းကနေ ၂ ကြိမ်လာရောက်ဗုံးကြဲပစ်ခတ်သွားတယ်လို့လည်း သိရပါတယ်။
“လောလောဆယ် ၆ လုံးလောက်တော့ရှိပြီ။ အသံအကျယ်ကြီးဘဲ။ ဖြစ်နေတာကမြို့နဲ့ သိပ်မဝေးတော့ဘူး။ ဖောက်ဖောက်နဲ့ အသေးသံတွေလည်းတစ်ချက်တစ်ချက်ကြားရတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကျောက်မဲမြို့တွင်းနေထိုင်နေကြတဲ့ မြို့ခံပြည်သူတွေအနေနဲ့ စစ်ဘေးတိမ်းရှောင် ဖို့ အဆင်သင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားနေရတယ်လို့လည်းသူကဆက်ပြောပါတယ်။