ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် KNU ကရင် အမျိုးသားအစည်းရုံး ဒူးပလာခရိုင် တပ်မဟာ ၆ နယ်မြေတစ်ဝက်မှာ လောင်းကစားလုပ်ငန်းပြုလုပ်သူတွေကို အရေးယူသွားမည်ဖြစ်ကြောင်း ကို KNU က အမိန့်ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှု နှင့် ဒေသတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တရားဉပဒေ စိုးမိုးမှုအားနည်းနေခြင်းကို အခွင့်အရေးကောင်းကောင်းယူပြီး တရားမဝင်တဲ့ လောင်းကစားလုပ်ငန်းများကို အကျယ်ပြန့်လုပ်ကိုင်လာတဲ့အတွက်ကြောင့် ဒေသတွင်း ခိုးဆိုးလုယက်မှုတွေ များပြားလာတဲ့အပြင် အိမ်ထောင်ရေး ပြိုကွဲမှုတွေအထိ ဖြစ်လာကြောင်းသိရပါတယ်။
လောင်းကစားလုပ်ငန်းပြုလုပ်သူများကို ရက်ပေါင်း ၄၅ ရက်အတွင်းသာ အချိန်ပေးပြီး ပညာပေးကာလ သတ်မှတ်ကာ ရက်ပေါင်း ၄၅ ရက်ကျော်လွန်ပါက လောင်းကစားလုပ်ငန်းလုပ်ကိုင်သူများ နှင့် နေရာ ၊ အဆောက်အဦးငှားရမ်းပေးထားသော ပိုင်ရှင်များကိုပါ ထိရောက်စွားအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Photo : Credit