ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ မှာ KIA + မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက အောင်ဂျာတပ်စခန်း စစ်မြေပြင်ကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO ရဲ့ ဒုဉက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်မြေပြင်က ရဲဘော်တွေဆီ သွားရောက် အားပေးတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ထိုစစ်မြေပြင်ကို သွားရောက်ခဲ့ပြီးနောက် ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာ အကောင့်ကနေ “ အတွေး “ ဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ ရဲဘော်တွေကို လေယာဉ်နဲ့ ချပေးခဲ့တဲ့ စားနပ်ရိက္ခာတွေဟာ သက်တမ်းကုန်နေပြီ ဖြစ်ကြောင်းကိုလည်း ရေးသားဖော်ပြထား ပါတယ်။
လက်ရှိမှာ KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အောင်ဂျာစစ်တပ်စခန်းကို KIA ဘက်က အထိုင်ချတပ်စွဲထားပြီး စစ်ကောင်စီတပ်နဲ့လည်း စစ်ရေးသဘောအရ တင်းမာနေကြောင်းလည်း သိရပါတယ်။
KIO ရဲ့ ဒုဉက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သိမ်းပိုက်ထားသော အောင်ဂျာစစ်တပ်စခန်းက ရဲဘော်တွေကို သွားရောက်တွေ့ဆုံ
Related articles