KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံး

Photo : Credit

ကချင်ပြည်နယ် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကြောင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြားသေဆုံးခဲ့ကြောင်း လိုင်ဇာဒေသခံ တစ်ချို့ ထံမှ သိရှိရသည်။

ယမနေ့ အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်သည် လိုင်ဇာရှိ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။

“ မနေ့ညသန်းခေါင်ယံမှာ စစ်ကောင်စီက လက်နက်ကြီးတွေတောက်လျှောက်ပစ်တာ စစ်ဘေးရှောင်စ ခန်းဘက်ကို လက်နက်ကြီးကျတယ်၊ ကလေးရော အမျိုးသမီးရော သေတာ၊ လောလောဆယ် အတည်ပြု နိုင်တာက ၃၂ ဦးလောက်ရှိပြီ၊ ကလေးက ၁၃ ဦးပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော မုန်လိုင်ချက်စစ် ဘေးရှောင် စခန်းသည် လိုင်ဇာမြို့နှင့် ၂ မိုင်အကွာတွင် တည်ရှိကြောင်း သိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img